အသပ်ဗျည်း ㅇ => င် (ငသပ်) ကို အသံထွက် လေ့ကျင့်မယ်

ㄱ => ဂ ဗျည်းနဲ့ သရ ၂၁ လုံး ပေါင်းထားတဲ့ အခြေအနေကို အသပ် ㅇ => င် ထည့်ပြီး အသံထွက် လေ့ကျင့်နိုင်ပါတယ်။

강 => ဂန်-င်
걍 => ဂယန်-င်
겅 => ဂေါ်-င်
경 => ဂယော်-င်
공 => ဂုံ-င်
굥 => ဂယုံ-င်
궁 => ဂူ-င်
귱 => ဂယူ-င်
긍 => ဂူ-င်
깅 => ဂီ-င်
겡 => ဂယ်-င်
곙 => ဂယယ်-င်
갱 => ဂဲ-င်
걩 => ဂယဲ-င်
긩 => ဂွီ-င်
굉 => ဂွဲ-င်
광 => ဂွမ်-င်
괭 => ဂွဲ-င်
귕 => ဂွီ-င်
궝 => ဂွေါ်-င်
궹 => ဂွယ်-င်

궁 => ဂူ-င် ဆိုတဲ့ အသံနဲ့ 긍 => ဂူ-င် အသံဟာ မြန်မာလိုရေးထားတာ အတူတူဖြစ်ပေမယ့် အနည်းငယ် ကွဲပြာမှု ရှိတယ်ဆိုတာ သတိထားရပါမယ်။ မူလ သရ အသံကို ပြန်လည်အခြေခံပြီး ထွက်ဆိုရပါမယ်။ 긍 => ဂူ-င် ဆိုတဲ့ အသံထွက်တဲ့အခါ ပါးစပ်အနေအထား အနည်းငယ် ဖွင့်နေပြီး သွားများ စိထားသည့် အနီးစပ်ဆုံး အခြေအနေ ဖြစ်ရပါမယ်။

긩 => ဂွီ-င် ဆိုတဲ့ အသံနဲ့ 귕 => ဂွီ-င် အသံဟာလည်း မူလ သရ အသံကို ပြန်လည်အခြေခံပြီး ထွက်ဆိုရပါမယ်။ 긩 => ဂွီ-င် ဆိုတဲ့ အသံထွက်တဲ့အခါ ပါးစပ်အနေအထား အနည်းငယ် ဖွင့်နေပြီး သွားများ စိထားသည့် အနီးစပ်ဆုံး အခြေအနေ ဖြစ်ရပါမယ်။

မှတ်ချက်၊ ငသပ် (င်) အသံထွက် မှန်ကန်အောင်၊ ဌာန်ကရိုင်းကျအောင် လေ့ကျင့်ခြင်းသာ ဖြစ်ပါတယ်။ တချို့စကားလုံးများဟာ အသံနဲ့ စကားလုံးသာ ရှိပြီး အဓိပ္ပါယ်မရှိတဲ့ စကားလုံးများလည်း ဖြစ်နိုင်တယ်ဆိုတာကို သတိပြု မှတ်သားကြရပါမယ်။