ဗျည်း ၁၀ လုံး နဲ့ သရ ၂၁ လုံးကို အသံထွက်လေ့ကျင့်ကြမယ်ဆိုရင် အသံထွက်ပေါင်း ၃၉၉ လုံး ကို လေ့ကျင့်ပြီးသား ဖြစ်သွားပါမယ်။ အလုံးအရေအတွက် များတယ်လို့ဆိုပေမယ့် အသံထွက် သဘောတရားကို သဘောပေါက်သွားမယ်ဆိုရင်တော့ မှတ်ရတာ မခက်ခဲတော့တာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။
ပထမဆုံး ဗျည်း ㄱ (ဂ) ကို သရ ၂၁ လုံးနဲ့ အရင်ဆုံး ပေါင်းပြီး လေ့လာကြည့်ပါမယ်။ ဂ + အာ = ဂါ ဆိုပြီးတော့ အသံထွက်ပါမယ်။ သရ အသံဟာ 아 ဆိုပြီး အသံမရှိဗျည်းနဲ့ တွဲရေးမှ သရသင်္ကေတ အဖြစ်ကနေ စကားလုံးအဖြစ်ကို ရောက်ရှိလာတာပါ။ အဲဒီတော့ အဲဒီ အသံမရှိဗျည်း နေရာမှာㄱ(ဂ) ကို အစားထိုးပြီး ထည့်ပေးလိုက်တော့ 가 = ဂါ ဆိုပြီး ဖြစ်လာတာပါ။
ဂ အာ ဂါ၊ ဂ ယာ ဂယာ လို့ အတွဲလိုက် အသံထွက် လေ့ကျင့်ဖို့ အကြံပြုပါတယ်။ ဗျည်းနဲ့ သရပေါင်းလိုက်တဲ့အခါ အဓိပ္ပါယ်ရှိတဲ့ စကားလုံးအဆင့်ထိရောက်လာပါပြီ။ 가 => ဂါ ဆိုတာကို အသံထွက်ပြင်းပြင်းနဲ့ ပြောလိုက်တဲ့အခါ “သွားတော့” လို့ အဓိပ္ပါယ်ရပါတယ်။ => ဂဲ ဆိုတာကတော့ “ခွေး” လို့ အဓိပ္ပါယ်ရပါတယ်။걔 => ဂယဲ ဆိုတာကတော့ “အဲဒီကလေး” လို့ ဆိုပါတယ်။