သရအကြောင်း လေ့လာမှတ်သားခြင်း

သရပေါင်း ၂၁ လုံးရှိပါတယ်။ ရိုးရိုးသရ နဲ့ ပေါင်းစပ်သရဆိုပြီး ခွဲခြား လေ့လာနိုင်ပါတယ်။

သရများအား အလွတ်ကျက်မှတ်နိုင်ရန် အပေါ်တွင်ရှိသော ပုံအား ဒေါင်းယူနိုင်ပါတယ်။

ရိုးရိုးသရ ၁၀ လုံးကို အောက်ပါအတိုင်း အသံထွက်နဲ့တကွ လေ့လာ မှတ်သားနိုင်ပါတယ်။

ㅏ => အာ
ㅑ => ယာ
ㅓ => အော်
ㅕ => ယော်
ㅣ => အီ
ㅗ => အို
ㅛ => ယို
ㅜ => အူ
ㅠ => ယူ
ㅡ => အု

ပေါင်းစပ်သရ ၁၁ လုံးပါ။ အောက်ပါအတိုင်း အသံထွက်နဲ့တကွ လေ့လာမှတ်သားနိုင်ပါတယ်။

ㅔ => အယ်
ㅖ => ယယ်
ㅐ => အဲ
ㅒ => ယဲ
ㅢ => အွီ
ㅘ => ဝါ
ㅞ => ဝယ်
ㅚ => ဝဲ
ㅟ => ဝီ
ㅝ => ဝေါ်
ㅙ => ဝဲ

သရ ၂၁ လုံးကို လေ့လာပြီးသွားပြီ ဆိုရင်တော့ ဗျည်း ၁၉ လုံးနဲ့ ပေါင်းစပ်လိုက်ရင် ဝေါ်ဟာရတွေကို စတင်လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။