ဗျည်းအကြောင်း စတင်လေ့လာခြင်း

အလွတ်ကျက်မှတ်ရမယ့် ဗျည်းပေါင်း ၁၉ လုံးရှိပါတယ်။ မြန်မာအက္ခရာများနဲ့ ယှဉ်တွဲလေ့လာရမှာပါ။ ဒါပေမယ့် မြန်မာဘာသာမှာ က ဆိုတဲ့ အက္ခရာကို အသံထွက်အတိုင်း ထွက်ပါက “က” ဆိုပြီး ထွက်နိုင်ပါတယ်။ အပြည့်အစုံ နာမည်က “ကကြီး” လို့ဆိုသလိုပဲ ကိုရီးယား ဘာသာမှာလည်း အက္ခရာရဲ့ အမည်နဲ့ အသံထွက် သင်္ကေတကို လေ့လာမှတ်သားရပါမယ်။

မူရင်းအသံထွက်များကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်။

ㄱ => 기역 ဂီယော့-ဂ်
ㄴ => 니은 နီအွန်-န်
ㄷ => 디귿 ဒီဂု-တ်
ㄹ => 리을 လီအူ-လ်

ㅁ => 미음 မီအူ-မ်
ㅂ => 비읍 ဘီအု-ပ်
ㅅ => 시옷 ရှီအို-တ်
ㅇ => 이응 အီအူ-င်

ㅈ => 지읒 ဂျီအု-တ်
ㅊ => 치읓 ချီးအု-တ်
ㅋ => 키읔ခီအု-တ်
ㅌ => 티읕 ထီးအု-တ်

ㅍ => 피읖 ဖီအု-ပ်
ㅎ => 히읗 ဟီအု-တ်
ㄲ => 쌍 기역 စန်း-င် ဂီယော့-ဂ်

ㄸ => 쌍 디귿 စန်း-င် ဒီဂု-တ်
ㅃ => 쌍 비읍 စန်း-င် ဘီအု-ပ်

ㅆ => 쌍 시옷 စန်း-င် ရှီးအို-တ်
ㅉ => 쌍 지읒 စန်း-င် ဂျီအု-တ်

မူရင်းအသံထွက်ကို လေ့လာမှတ်သားရတာ အခုမှ စပြီးလေ့လာတဲ့ သူတွေနေနဲ့ အစ ပထမမှာ ခက်ခဲနိုင်ပါတယ်။ အဲဒါကြောင့် အခု အောက်မှာ ဖော်ပြထားတဲ့ မြန်မာအက္ခရာ အသံထွက်လေ့တွေကိုပဲ အရင်ဆုံး လေ့လာမှတ်သားထားဖို့ အကြံပြုချင်ပါတယ်။

ㄱ => ဂ
ㄴ => န
ㄷ => ဒ
ㄹ => ရ (ရခိုင်သံ)
ㅁ => မ

ㅂ => ဘ
ㅅ => ဆ
ㅇ => အ သို့မဟုတ် (အသံမရှိ)
ㅈ => ဂျ
ㅊ => ချ

ㅋ => ခ
ㅌ => ထ
ㅍ => ဖ
ㅎ => ဟ
ㄲ => က

ㄸ => သ
ㅃ => ပ
ㅆ => စ
ㅉ => ကျ

ဗျည်း ၁၉ လုံးကို ပိုင်ပိုင်နိုင်နိုင် မှတ်မိအောင် လေ့လာထားပြီးပြီဆိုရင်တော့ သရ ၂၁ လုံးကို အသံထွက်နဲ့တကွ ဆက်လက်လေ့လာရမှာ ဖြစ်ပါတယ်။