အသပ် အသံ (၇) မျိုး အကြောင်း လေ့လာခြင်း

ကိုရီးယား ဘာသာမှာ အသပ်အသံ (၇) မျိုးကို အသပ်စာလုံး (၂၇) လုံး နဲ့ ဖွဲ့စည်းထားပါတယ်။ အသံတူတဲ့ အသပ်စာလုံးတွေကို အုပ်စု ဖွဲ့လိုက်တဲ့အခါ အသပ်အသံ (၇) မျိုးဆိုပြီး ဖြစ်လာတာပါ။ အသပ်အသံလို့ ဆိုရာမှာလည်း အဆုံးပိတ် အသံကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ အင်္ဂလိပ်ဘာသာမှာဆိုရင် like ကို s ထည့်ပေါင်းလိုက်တဲ့အခါ likes => လိုက်ခ်စ် ဆိုပြီး စလုံးအသပ် (စ်) ဆိုတဲ့ အပိတ်အသံလေးလိုပဲ ကိုရီးယား ဘာသာမှာလည်း 가 => ဂါ ဆိုတဲ့ စာလုံးကို ငသပ် (င်) ထည့်လိုက်တဲ့ အခါ 강 => ဂန်-င် ဆိုတဲ့ ငသပ် (င်) အဆုံးပိတ် အသံမျိုးကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ “ဂန်-င်” ဆိုတဲ့ အသံထွက်မှာ နငယ်အသပ် (န်) ကို ထည့်ပြီး မဆိုရပါဘူး။ အဲဒီတော့ အသပ်သံ ㅇ => င် တစ်လုံး အကြောင်းတော့ ရိပ်မိလောက်ပြီ ထင်ပါတယ်။ 강 => ဂန်-င် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က မြစ် ကိုဆိုလိုပါတယ်။ ငသပ် အသံကတော့ ၁ လုံးတည်းပဲ ရှိပါတယ်။



ပသပ် (ပ်) က ㅂ, ㅍ, ㄿ, ㅄ ဆိုပြီး (၄) လုံး ရှိပါတယ်။ 갑 => ဂတ်-ပ် ဆိုတာက ပစ္စည်းထည့်စရာကို ခေါ်တာပါ။ 갚 => ဂတ်-ပ် ကတော့ သူ့တစ်လုံးတည်းဆို အဓိပ္ပါယ် မရှိပါဘူး။ 갎=> ဂတ်-ပ် ဆိုတာလည်းပဲ သူ့တစ်လုံးတည်းဆို အဓိပ္ပါယ် မရှိပါဘူး။ 값 => ဂတ်-ပ် ဆိုတာကတော့ ဈေးနှုန်းကို ဆိုလိုတာပါ။

မသပ် (မ်) က ㅁ, ㄻ ဆိုပြီး (၂) လုံး ရှိပါတယ်။ 감 => ဂန်-မ် ဆိုတာကတော့ တည်သီးလို့ အဓိပ္ပါယ်ရပါတယ်။ 갊 => ဂန်-မ် ကတော့ သူ့တစ်လုံးတည်းဆို အဓိပ္ပါယ် မရှိပါဘူး။

လသပ် (လ်) က ㄹ, ㄼ, ㄽ, ㄾ, ㅀ ဆိုပြီး (၅) လုံး ရှိပါတယ်။ 갈 => ဂါ-လ် ဆိုတာကတော့ ဆောင်းဦးရာသီကို ဆိုလိုတာပါ။ 갋 => ဂါ-လ် ဆိုတာကတော့ သူ့တစ်လုံးတည်း အသုံးမရှိပါဘူး။ 갌 => ဂါ-လ် ဆိုတာကတော့ ရှေးဟောင်း စကားလုံး တစ်ခုအနေနဲ့ပဲရှိတော့ပြီး ယနေ့ခေတ်တွင် အသုံးမရှိတော့ာပါ။ 갍 => ဂါ-လ် ဆိုတာလည်းပဲ စကားလုံးနဲ့ အသံသာ ရှိပြီး အသုံးမရှိပါ။ 갏 => ဂါ-လ် ဆိုတာလည်းပဲ ရှေးဟောင်း စကားလုံး တစ်ခုအနေနဲ့သာ ရှိတော့ပြီး ယနေ့ခေတ်တွင် အသုံးမရှိတော့ာပါ။

တသပ် (တ်) အသံ၊ ဒသပ် (ဒ်) လို့လည်း ဆိုနိုင်ပြီး စကားလုံးကတော့ ㄷ, ㅅ, ㅆ, ㅈ, ㅊ, ㅌ, ㅎ ဆိုပြီး (၇) လုံး ရှိပါတယ်။ 갇 => ဂတ်-တ် ဆိုတာကတော့ ရှေးဟောင်းစကားလုံး တစ်ခုဖြစ်ပြီး ဦးထုတ် လို့ အဓိပ္ပါယ်ရပါတယ်။ 갓 => ဂတ်-တ် ဆိုတာကတော့ အဓိပ္ပါယ်အမျိုးမျိုးရနိုင်ပြီ အဲဒီထဲက တစ်မျိုးကတော့ မီးရောင်စသည်တို့ရဲ့ အရိပ်ထွက်ခြင်းကို ဆိုလိုပါတယ်။갔=> ဂတ်-တ် ဆိုတဲ့ တစ်လုံးတည်းတော့ အဓိပ္ပါယ်မရှိပါဘူး။ 갖=> ဂတ်-တ် ဆိုတာကလည်း 가 ကို갖ဆိုတဲ့ အသုံးနဲ့ သုံးနေကြတဲ့ ဒေသသုံး စကားလုံးအမျိုးအစား တစ်ခုပဲဖြစ်ပါတယ်။ မြန်မာလိုတော့ အညာဒေသစကား၊ တောဆန်ဆန် သုံးတဲ့ စကားလို့ ပြောနိုင်ပါတယ်။ 갗=> ဂတ်-တ် ဆိုတာကတော့ သာရည်၊ အရေပြား ဆိုတဲ့ စကားလုံး가죽 ကို အတိုသုံးထားခြင်း ဖြစ်ပါတယ်။같 => ဂတ်-တ် ကတော့ သူ့တစ်လုံးတည်း အဓိပ္ပါယ်မရှိပါဘူး။ 갛=> ဂတ်-တ် ကလည်းပဲ သူ့တစ်လုံးတည်း အဓိပ္ပါယ် မရှိပါဘူး။

နသပ် (န်) က ㄴ, ㄵ, ㄶ ဆိုပြီး (၃) လုံး ရှိပါတယ်။ 간 => ဂန်-န် ဆိုတာကတော့ အသည်းကို ဆိုလိုပါတယ်။ 갅 => ဂန်-န် ဆိုတဲ့ အသုံးတော့ မရှိပါဘူ။ 갆 => ဂန်-န် ဆိုတဲ့ စကားလုံးလည်းပဲ စကားလုံးနဲ့ အသံသာ ရှိပါတယ်။

ကသပ်(က်) ကတော့ ㄱ, ㄲ, ㅋ, ㄳ, ㄺ ဆိုပြီး (၅) လုံး ရှိပါတယ်။ 각 => ဂတ်-က် ကတော့ အသီးသီး၊ ကိုယ်စီ စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။ 갂=> ဂတ်-က် ဆိုတာကတော့ အသံနဲ့ စကားလုံးပဲ ရှိပါတယ်။갘 => ဂတ်-က် ကတော့ သူ့တစ်လုံးတည်း အဓိပ္ပါယ်မရှိပါဘူး။ 갃 => ဂတ်-က် ဆိုတာလည်းပဲ အသံနဲ့ စကားလုံးသာ ရှိပါတယ်။ 갉 => ဂတ်-က် ဆိုတာကတော့ ဂျုံဆိုတဲ့ အဓိပ္ပါယ်အနေနဲ့ ဒေသသုံး စကားတစ်ခု ဖြစ်ပါတယ်။

အသပ်အကြောင်း ရှင်းပြတာ ရှည်လာပါပြီ။ အသပ်တွဲလိုက်တဲ့အခါ အဓိပ္ပါယ်ရှိတဲ့ စကားလုံးမျိုး ရှိနိုင်သလို စကားလုံးနဲ့ အသံသာရှိပြီး အသုံးမရှိတဲ့ စကားလုံးမျိုးတွေလည်း ရှိနိုင်တယ်ဆိုတာ မှတ်သားရပါမယ်။ မြန်မာမှာဆိုရင်လည်း မွိန်မွိန် ဆိုတဲ့ စကားလုံးမျိုးကို ဆိုလိုနိုင်ပါတယ်။ အသံနဲ့ စကားလုံးသာရှိပြီး ဘာကို ဆိုလိုချင်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မရှိပါဘူး။

အသပ်ကို လေ့ကျင့်တဲ့အခါ ဝေါဟာရ စကားလုံးတွေနဲ့ တွဲပြီး လေ့ကျင့်မှသာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်နိုင်ပြီး အကျိုးရှိမှာ ဖြစ်ပါတယ်။ အခုမှ ကိုရီးယားဘာသာကို စပြီးလေ့လာသူတွေအနေနဲ့ ရှုတ်ထွေးမှုတွေ အများကြီး ဖြစ်နိုင်ပါတယ်။ အရမ်းအားစိုက်ပြီး လေ့လာ ကျက်မှတ်ရတာမျိုး မဟုတ်ပါဘူး။ နေ့စဉ်နဲ့ အမျှ မြင်နေကြာနေရင်း အလွတ်ရသွားတာမျိုး လေ့ကျင့်ရမှာပါ။ ကလေးငယ်တွေ စကားစပြောကြတာကို အတုယူပြီး တစ်လုံးချင်း အသံမှန်မှန်ထွက်နိုင်တဲ့အထိသာ ပြောဆိုနေဖို့သာ လိုပါတယ်။