ကိုရီးယား စကားလုံးများ စုစည်းမှု ဆော့ဝဲ အကြောင်း

ကိုရီးယားဘာသာကို စပြီးသင်ယူကြတဲ့အခါ အခြေခံစကားလုံးများ၊ အသုံးများတဲ့ စကားလုံးများကို အလွတ်ကျက်မှတ်ကြရပါတယ်။ တချို့ကတော့ စာအုပ်တွေထဲကတဆင့် လေ့လာမှုတွေ ပြုလုပ်ချင်ကြပါတယ်။ ဗလာစာအုပ်ထဲမှာပဲ ဝေါဟာရစကားလုံးတွေ ရေးမှတ်လေ့ကျင့်ရတာ အသားကျနေတဲ့ သူတွေလည်းရှိသလို အခုခေတ်မှာဆိုရင်တော့ ဖုန်းထဲကနေတဆင့် လေ့လာမှုတွေ ပြုလုပ်ချင်သူ၊ မိမိဖုန်းထဲမှာပဲ ရေးမှတ်ထားပြီး လေ့လာမှုတွေ ပြုလုပ်ချင်သူလည်း ရှိလာနေပါပြီ။ အဓိကကတော့ ကိုယ့်အကြိုက် ဘယ်လိုနည်းနဲ့ပဲ လေ့လာမှတ်သား မှတ်သား ဘာသာစကားတိုးတက်မှုက အဓိကကျပါတယ်။ ကိုယ့်အတွက် ဒီဆော့ဝဲလေးက ကိုရီးယားဘာသာစကား တိုးတက်မှုမှာ တဖက်တလမ်းကနေ ဘယ်လိုအထောက်အကူ ပြုနိုင်သလဲဆိုတာတော့ အချိန်အနည်းငယ် ပေးပြီး လေ့လာဖို့ အကြံပြုချင်ပါတယ်။

ပထမဆုံး ဒီဆော့ဝဲလေးကို Google Play Store ကနေ ဒေါင်းယူပြီး မိမိတို့ ဖုန်းမှာ ထည့်သွင်းပြီးသွားရင်တော့ ဗျည်း၊ သရ၊ အသပ် စတဲ့ စုစည်းမှုတွေအပြင် တခြား အသုံးဝင်တဲ့ စကားလုံးများကိုလည်း စုစည်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ယခု လောလောဆယ်အထိတော့ စကားလုံးပေါင်း ၈၅၀ ကျော်ထိ ရှိလာပါပြီ။ ဆော့ဝဲ စီစဉ်သူမှ အခါအားလျော်စွာ ဖြည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

ဝေါဟာရ စကားလုံးများကို လေ့လာတဲ့အခါ မိမိတို့ အလွတ်ရပြီးတဲ့ စကားလုံးဖြစ်ပါက ပယ်ဖျက်နိုင်ပါတယ်။ ပယ်ဖျက်တယ်ဆိုတာ အပြီးအပိုင် ဆော့ဝဲမှ ထုတ်ပစ်လိုက်တာကို ဆိုလိုတာမဟုတ်ပါဘူး။ အလွတ်ရပြီးသော စကားလုံးများ ကဏ္ဍထဲကို ရောက်သွားတာပါ။ ဆိုလိုတာကတော့ အလွတ်ရပြီးသားနဲ့ အလွတ်မရသေးတဲ့ စကားလုံး ခွဲခြားထားနိုင်တာကို ဆိုလိုပါတယ်။ စကားလုံးများလေ့လာတဲ့အခါ ဝေါဟာရအသံထွက်ကို Google Text To Speech ဆော့ဝဲမှ အလိုအလျောက် ထွက်ဆိုပေးမှာ ဖြစ်ပါတယ်။ အဲဒီဆော့ဝဲမရှိသေးရင်တော့ အရင်ဆုံး Google Play Store ကို သွားရောက်ပြီး ဒေါင်းယူထားနိုင်ပါတယ်။

ကိုယ်ပိုင်စကားလုံးများကဏ္ဍကိုလည်း ထည့်သွင်းပေးထားပါတယ်။ အုပ်စုများ ဖွဲ့စည်းပြီး လိုအပ်သလို စကားလုံးများကို ထည့်သွင်းနိုင်ပါသေးတယ်။ ကိုယ်ထည့်သွင်းထားတဲ့ အုပ်စုအလိုက် တခြား ကိုယ်နဲ့အတူ လေ့လာတဲ့ သူငယ်ချင်းတစ်ယောက်ဆီကို ကုတ်နံပါတ်ဖြင့် အလွယ်တကူ ပေးပို့နိုင်ပါတယ်။ အလားတူပဲ စကားလုံးများ အုပ်စုထဲသို့ ထည့်သွင်းတဲ့အခါမှာလည်း မိမိတို့ကိုယ်တိုင် ရိုက်ပြီး ထည့်သွင်းနိုင်သလို တခြားသူငယ်ချင်းတစ်ယောက် ပြုစုထားတဲ့ စကားလုံးများကိုလည်း သူငယ်ချင်းပေးပို့ထားတဲ့ ကုတ်နံပါတ်အသုံးပြုပြီး အုပ်စုထဲသို့ ထည့်သွင်းနိုင်ပါသေးတယ်။ အဲဒီတော့ ကိုရီးယားဘာသာ လေ့လာတဲ့ သူငယ်ချင်းတစ်ယောက်ဆီကနေ အတူတကွ လေ့လာဖို့ ဝေါဟာရစကားလုံး အုပ်စုလေးတွေ ဖန်တည်းကြပြီး အချင်းချင်း ဖလှယ်ကြနိုင်မယ်ဆိုရင် ပိုပြီးတော့ စကားလုံးများများ လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။

အခုချိန်ကတော့ ဇော်ဂျီစာလုံးကနေ ယူနီကုတ်ကို ပြောင်းလည်းနေကြတဲ့ ကာလဖြစ်လို့ ၂ မျိုးလုံး ထည့်သွင်းပေးထားပါတယ်။ ပြင်ဆင်ရွေးချယ်မှုများ (Setting) ကဏ္ဍကနေတဆင့် ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ ကိုရီးယား စကားလုံးများ စုစည်းမှု ဆော့ဝဲ အကြောင်းကို ဆောင်းပါးအနေနဲ့ ပြောပြပေးထားတာ ဖြစ်ပါတယ်။ ဆော့ဝဲအကြောင်းလေးကို ဗွီဒီယိုလေးနဲ့ ရှင်းပြပေးသွားဖို့လည်း ရှိပါသေးတယ်။ ဒီဆော့ဝဲလေး အသုံးပြုရင်း အခက်အခဲ တစုံတရာ ဒါမှမဟုတ် ဆော့ဝဲလေးမှာ ဘယ်လိုအရာ ထည့်သွင်းပေးပါက ပိုပြီးတော့ ဘာသာစကားတိုးတက်မှု ရနိုင်တယ်ဆိုတာကိုလည်း အကြံပြုစေချင်ပါတယ်။ ကိုရီးယား ဘာသာစကားတိုးတက်မှု များများ ရရှိနိုင်ကြပါစေ။

Download App