About Us

Korean Language Myanmar ဝက်ဆိုက်ကို ၉ လပိုင်း ၂၀၂၀ မှာ တည်ထောင်ခဲ့ပါတယ်။ ဒီ ဝက်ဆိုက်မှာတော့ ကိုရီးယားဘာသာကို အခုမှ စပြီး လေ့လာတဲ့သူတွေအတွက် ရည်ရွယ်ပြီး သင်ခန်းစာများ၊ အခြားလေ့လာမှတ်သားစရာများကို စုစည်းတင်ပြပေးသွားဖို့ ရှိပါတယ်။

ကိုရီးယားဘာသာကို ၂၀၀၄ ခုနှစ်ကတည်းက စတင်လေ့လာဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ စက်ရုံအလုပ်သမားအဖြစ် ၂၀၀၄ – ၂၀၀၈ ထိ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အခုတော့ Freelance Software Developer အဖြစ် လုပ်ကိုင်နေပါတယ်။ မင်းထိုက်မြင့် ဆိုတဲ့ စီစဉ်သူနာမည်နဲ့ ဂူးဂဲပလေးစတိုးပေါ်မှာ ကိုရီးယားဘာသာစကား ဆော့ဝဲလေးတွေ ထုတ်ဝေထားပါတယ်။

ဘာသာစကားတစ်ခုဆိုတာ လေ့လာမှု မရှိတော့ရင် လွယ်လွယ်နဲ့ ပျောက်သွားနိုင်တဲ့ အတွက် ကိုယ်တိုင်လည်း ဆက်လက်လေ့လာရင်း လေ့လာသူတွေအတွက်လည်း အဆင်ပြေအောင် အခုလို ဝက်ဆိုက် ဖန်တည်းထားခြင်း ဖြစ်ပါတယ်။

ဆက်သွယ်ရန်
minhtaikmyint@gmail.com