ကိုရီးယားဘာသာ စပြီးလေ့လာတော့မယ်ဆိုရင်

ကိုရီးယားဘာသာမှာ ဗျည်း ၁၄ လုံး၊ ပေါင်းစပ်ဗျည်း ၅ လုံးနဲ့ စုစုပေါင်း ဗျည်း ၁၉ လုံးရဲ့ အသံထွက်နဲ့ သင်္ကေတများကို လေ့လာကြရပါမယ်။

နောက်ပြီး သရ ၁၀ လုံးနဲ့ ပေါင်းစပ်သရ ၁၁ လုံး စုစုပေါင်း သရ ၂၁ လုံးရဲ့ အသံထွက်နဲ့ သင်္ကေတများကို ထပ်ပြီး လေ့လာကြရပါမယ်။



ဗျည်းနဲ့ သရပြီးရင်တော့ အသပ်ဗျည်းများနဲ့ အသံထွက်များကို ဆက်ပြီး လေ့လာကြရပါမယ်။

ဗျည်း၊ သရ နဲ့ အသပ်ဗျည်းများ လေ့လာပြီးရင်တော့ ကိုရီးယားစာလုံးများ ရေးဆွဲခြင်းကို လေ့လာသင့်ပါတယ်။




ဒီနောက်မှာတော့ နာမ်နောက်ဆက်နဲ့ ကြိယာနောက်ဆက် စကားလုံးများကို ပိုင်ပိုင်နိုင်နိုင် လေ့လာထားကြရပါမယ်။

အခုမှ စပြီးလေ့လာတဲ့ သူတွေအနေနဲ့ ပုံလေးတွေအတိုင်း အဆင့်ဆင့် လေ့လာမှတ်သားသွားမယ်ဆိုရင် ကိုရီးယား ဘာသာစကား အခြေခံ ကောင်းကောင်း ရရှိလာမှာပါ။ မိမိတို့ရဲ့ ရည်ရွယ်ချက်တွေ၊ စိတ်ဝင်စားမှုတွေပေါ် မူတည်ပြီးတော့လည်း ကိုရီးယားဘာသာစကား တတ်ကျွမ်းနာလည်မှုတွေ အဆင့်ဆင့်ရှိနေမှာဆိုတော့ အမြဲမပြတ်လေ့လာနေဖို့ အကြံပြုပါတယ်။ သိချင်တာ မေးမြန်ချင်တာရှိရင်လည်း မေးမြန်းနိုင်ပါတယ်။ မိမိ သိတတ်သမျှထဲက ဉာဏ်စွမ်းရှိသလောက် လမ်းညွှန်ပြသပေးသွားမှာပါ။